စက်တင်ဘာ၉
တရားစီရင်ရေးလောကသို့ တပ်မတော်သား နှစ်ဆယ်ခန့် ပြောင်းရွှေ့လာခြင်းကို ဆန့်ကျင်လို၍ နေပြည်တော် ဥပဒေအထောက်ကူပြုအဖွဲ့က အ၀ါရောင်ဖဲကြိုးတပ်ဆင်၊ ဝေငှမှုတစ်ခုကို ယနေ့ ပြုလုပ်ခဲ့သည်။
ဒက္ခိဏသီရိခရိုင်တရားရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုလ ၁၀ ရက်နေ့ တွင်လည်း နေပြည်တော်ကောင်စီနယ် မြေတွင်းရှိ ခရိုင်တရားရုံးများတွင် ပြုလုပ်သွားမည်ဟု နေပြည်တော်ဥပဒေအထောက်ကူပြုအဖွဲ့ တာဝန်ခံ ဦးခင်မောင်ဇော်က ပြောသည်။
ထို့အတူ ယင်းလှုပ်ရှားမှုကို တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ခရိုင်တရားရုံးများတွင်လည်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ ကျန်းမာရေးနဲ့တရားစီရင်ရေးလောကကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ၀င်နေတယ်လို့ ယူဆတယ်။ ၂၀၁၅ ဟိုဖက်ပိုင်းမှာနေရာယူထားနိုင်အောင် လုပ်တဲ့စိမံကိန်းကြီးကို ရိုက်ချိုးသင့်တယ်လို့ ယူဆလို့ လုပ်ကြတာပါ။ ”ဟု ၎င်းကပြောသည်။
နောက်ပိုင်းတွင် ၀န်ကြီးဌာနများအပါအ၀င် နယ်ပယ်အသီးသီးတွင်လည်း ဖဲကြိုးလှုပ်ရှားမှုများ ပြန့်နှံသွားအောင် လှုပ်ရှားသွားကြမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်မှု ဆရာဝန်များပြုလုပ်သည့် ဖဲကြိုး အနက်နှင့် တရားရေးဖက်က ပြုလုပ်သည့်
ဖဲကြိုးအ၀ါ လှုပ်ရှားမှု နှစ်ခုချိတ်ဆက်မိနေပြီဖြစ်ကြောင်းဆက်လက်ပြောကြားသည်။၀၁၉

Post a Comment
Post a Comment