0

စိုးချစ်ချစ်ပိုင် ။ ရန်ကုန်၊ စက်တင်ဘာ ၂၆
မင်္ဂလာဒုံမြို့ နယ် ဇေကမ္ဘာဝင်းအတွင်း ကိုကာကိုလာဂို ဒေါင် မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေး ရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးဖော်ထုတ်ရန် အစိုးရသို့တင်ပြသွားမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးသော်တာက ဖလားဝါးနယူးစ်သို့ ပြောသည်။
''ဘယ်သူတရားခံဆိုတာမပေါ် သေးဘူး။ သူတို့ဘက်မှာလဲ ငြင်းပိုင်ခွင့်ရှိ တယ်လေ။ မီးလောင်မှုဖြစ်ရတဲ့အကြောင်း ရင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးသွားမှာပါ။ အဖွဲ့ဖွဲ့ပေးဖို့အတွက် အ စိုးရအဖွဲ့ကိုတင်ပြသွားမယ်''ဟု ၄င်းကဆက် ပြောသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက် ပြီး မင်္ဂလာဒုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့် ထားသော်လည်း မီးလောင်ရခြင်းအကြောင်း ရင်းနှင့် အရေးယူရမည့်သူကို စုံစမ်းစစ်နေ ဆဲဖြစ်ကြောင်း သိရသည်။
''ဦးတို့ကတော့ မှုခင်းပိုင်းအတိုင်း အတာကိုပဲလုပ်တာပါ။ ဆုံးရှုံးမှုတွေကများ တော့ အဖွဲ့ဖွဲ့ပြီးစစ်ဆေးမယ်ထင်တယ်''ဟု မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှ ရဲမှူးဝင်းရွှေက ဆိုသည်။ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဥယျာဉ် ဝင်းအတွင်း ရန်ကုန်စက်မှုဇုန်(၇)လမ်းရှိ ကို ကာကိုလာကုမ္ပဏီ၏ အချိုရည်ထုတ်လုပ် သောကုန်ကြမ်းများထားရှိရာဂိုဒေါင်မှာ စက် တင်ဘာ၂၄ရက် နံနက် ၆နာရီခွဲမှ စတင် လောင်ကျွမ်းခဲ့ပြီး မွန်းတည့် ၁၂နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ မီး လောင်မှုအကြောင်းရင်းကိုစုံစမ်းစစ်ဆေး နေဆဲအခြေအနေပင်ဖြစ်သည်။
မီးလောင်မှုကြောင့် အချိုရည် ထုတ်လုပ်သောကုန်ကြမ်းပစ္စည်းများဖြစ် သည့် ကိုကာကိုလာကုန်ကြမ်းဘူးခွံများ၊ စက္ကူ လိပ်များ၊ ပလတ်စတစ်အလိပ်များနှင့် သ ကြားအိတ်များသိုလှောင်ထားရှိသည့် ဂိုဒေါင် တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ရာ စုစုပေါင်းဆုံး ရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁၁၂၅ သိန်းဖိုး ခန့်ရှိကြောင်း သိရသည်။

Post a Comment

Post a Comment

 
Top