0

ရန်ကုန်၊ စက်တင်ဘာ ၁၅
စက်တင် ဘာ ၁၅ ရက်မှ နောက်ငါးရက်အ တွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်ခုနစ်ခုတွင် မိုးကြီးမည် ဟု မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ စက်တင်ဘာ ၁၅ ရက်တွင် သတိပေးချက်ထုတ်ပြန် လိုက်သည်။
မိုးကြီးမည့်သတိပေးချက် ထုတ် ပြန်ချက်တွင်ပါဝင်သည့် ဒေသများ မှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့ဖြစ်ပြီး၊ ၂၄ နာရီအတွင်း မိုး ရေချိန် သုံးလက်မ(၇၇မီလီမီတာ)နှင့် အထက် ရွာသွန်းနိုင်သည်။
''အခုမိုးကြီးနိုင်တဲ့အကြောင်း အရာကတော့ တောင်တရုတ်ပင် လယ်မှာဖြစ်ပေါ်ခဲ့တဲ့အပူပိုင်း မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်ပါ။ ဘင်္ဂ လားပင်လယ်အော်မှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့မဆိုင်ပါ ဘူး။ အဲဒီလေဖိအားနည်းရပ်ဝန်း ကဆက်လက်တည်ရှိပြီး အိန္ဒိယဘက် ကိုဝင်မယ်လို့ ခန့်မှန်းထားတယ်။ ပြည်နယ်နှင့် တိုင်းဒေသကြီး နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ် ချုန်းရွာပြီးတော့ ဒေသအလိုက် နေရာ ကွက်ပြီးတော့ မိုးကြီးနိုင်တယ်။ ရေ ကြီးတာနဲ့တော့ သိပ်ဆက်စပ်မှုမရှိ ပါဘူး။ သတိတော့ထားရမယ်''ဟု မိုး/ဇလဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးကပြောသည်။
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း ဗမ်ကိုသည် ဗီယက်နမ်နိုင်ငံတောင် ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက် ခဲ့ပြီးနောက် ကုန်းတွင်းပိုင်း မုန်တိုင်း ငယ်အဖြစ် အနောက်ဘက်သို့ဆက် လက်ရွေ့လျားလျက်ရှိသည်။
လက်ရှိမိုးရေချိန်လက်မများ ပြားသည့်ဒေသများမှာ ကော့သောင်း မြို့၊ မြိတ်မြို့၊ ထားဝယ်မြို့၊ တောင် ကြီးမြို့၊ ဘားအံမြို့၊ ဖျာပုံမြို့နှင့် ရေး မြို့တို့ဖြစ်ပြီး၊ မိုးရေချိန်လက်မ နှစ် လက်မနီးပါးအထိ ရွာသွန်းလျက်ရှိ ကြောင်းသိရသည်။

Yangon Media Group

Post a Comment

Post a Comment

 
Top