0


အဓမ္မထိမ်းမြားပေးဖို့ ဖြားယောင်းမှုနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းက ဘောလုံးကစားသမား ကြည်လင်းကို စက်တင်ဘာလ ၂၂ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုဘက်က အမှုကို ပိတ်သိမ်းပေးဖို့ တရားရုံးကို တင်ပြခဲ့ပါတယ်။ အခုရုံးချိန်းမှာ တရားလို၊တရားလိုရဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့ကို စစ်ဆေးခဲ့ပြီး တရားလိုရဲ့သမီးဖြစ်သူ ကြည်လင်း ရဲ့အမျိုးသမီးကို လျော်ကြေးငွေ ကျပ်သိန်းတစ်ရာနဲ့ နှစ်ဦးသဘောတူပြန်လည်ကွာရှင်းခဲ့ပါတယ်။ ဒါ့အပြင် တရား စွဲခံထားရတဲ့ ကြည်လင်းရဲ့ အာမခံလျှောက်ထားမှုကို တရားရုံးက အာမခံပေးခဲ့ပါတယ်။


Post a Comment

Post a Comment

 
Top