0


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွင် ရွေးကောက်ပွဲဝင်မည့် လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို သူပြိုင်မည့် မြို့နယ်အတွင်းရှိ ရွှေခဲအင်းကျေးရွာနှင့် ကျောက်ခဲအင်းကျေးရွာတို့တွင် မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၂၃ရက်က တွေ့ရစဉ်။
အမျိုးဘာသာ ထွန်းကားပြန့်ပွားရေး ဦးစီးပေးလုပ်မည်ဆိုသည့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးလည်းဖြစ်သူ ဦးမြင့်လှိုင်က အစိုးရ ဝန်ကြီးလစာနှင့် လွှတ်တော်အမတ် လစာများကို စိတ်မဝင်စားဘဲ လစာမယူ အလုပ်လုပ်နိုင်သည်ဟု ဒေသခံများကို ပြောသည်။
ထို့အပြင် သူ့ကို ထောက်ခံမဲပေးရန် စာသာများပါဝင်သော ထီး၊ ယပ်တော်၊ အင်္ကျီများကိုလည်း ဒေသခံများကို ကြိုတင်ဝေငှထားသည်ကို တွေ့ရသည်။ အဆိုပါ မဲဆွယ်ဟောပြောပွဲတွင် ဦးမြင့်လှိုင်အား ထောက်ခံမဲပေးကြရန် ရွာသာများကို ဆော်ဩခဲ့သည့် ဒေသခံ အမျိုးသမီးတစ်ဦးကိုလည်း ဦးမြင့်လှိုင်က “သူ့ကို ငါးသောင်း၊ တစ်သိန်းလောက် ပေးလိုက်ပါ” ဟု ယင်း၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိုယ်စားလှယ်ကို ညွှန်ကြားခဲ့သည်။
ဝန်ကြီးဦးမြင့်လှိုင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒက္ခိဏသီရိမြို့နယ်တွင် အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသန့်ဇင်ထွန်းနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးနိုင်မင်းတို့လည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
http://mizzimaburmese.com/photo-essay/5097

Post a Comment

Post a Comment

 
Top