0

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ငါးရာစာရင်းတွင် တရုတ်နိုင်ငံသည် ထိပ်ဆုံးနေရာ၌ သုံးကြိမ် ဆက်တိုက် ရပ်တည် နေကြောင်း သိရသည်။

စူပါကွန်ပျူတာ အဆင့် သတ်မှတ်ချက်ကို ဂျာမနီနိုင်ငံက ထုတ်ပြန်ခြင်းဖြစ်ပြီး လာမည့် ရက်သတ္တပတ် လိုင်ပစ်မြို့ နည်းပညာ ကွန်ဖရင့်တွင် စာရင်း အပြည့်အစုံကို ဖော်ပြမည်ဖြစ်သည်။ အမေရိကန်သည် စူပါကွန်ပျူတာ (၂၃၃) လုံးဖြင့် ပမာဏ အများဆုံးအဖြစ် ရပ်တည်နေသည်။ တရုတ်က (၇၆) လုံး၊ ဗြိတိန်က အလုံး (၃၀) ၊ ပြင်သစ်က (၂၇) လုံး၊ ဂျာမနီက (၂၃) လုံးရှိသည်။

Top500 စာရင်းကို ၁၉၉၃ ခုနှစ်မှစ၍ တစ်နှစ်ကို နှစ်ကြိမ်ပုံမှန် ထုတ်ပြန် နေခြင်းဖြစ်သည်။ ကဗ္ဘာတစ်ဝန်း စူပါ ကွန်ပျူတာ လုံးရေနှင့် မြန်နှုန်းများကို အဆင့် သတ်မှတ်ဖော်ပြသည်။ စူပါ ကွန်ပျူတာများ ၏ မြန်နှုန်းကို petaflop/s ဖြင့် တိုင်းတာသည်။ တရုတ် နိုင်ငံမှ Tianhe-2 သည် 33.86 petaflop/s ဖြင့် အမြန်ဆုံးအဖြစ် စံချိန်တင်ထားသည်။ လွန်ခဲ့သည့် ငါးနှစ်က IBM ၏ Roadrunner စူပါ ကွန်ပျူတာသည် 1 petaflop/s အမှတ်ကို ဦးဆုံးရောက်ရှိ ခဲ့ပြီးနောက် ငါးနှစ် အတွင်းမှာပင် ယခုမျှထိ မြန်နှုန်း တိုးတက်လာ ခြင်းဖြစ်သည်။

အမြန်ဆုံး စူပါကွန်ပျူတာ ငါးရာကို ပေါင်းစုလိုက်လျှင် မြန်နှုန်းစုစုပေါင်း 133.7 teraflop/s ရှိကြောင်းလည်း သိရသည်။

Tianhe-2 ကို တရုတ်အစိုးရက ပိုင်ဆိုင်ခြင်းဖြစ်ပြီး နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင်ထားရှိကာ လည်ပတ်လျက် ရှိသည်။ သုတေသန နှင့် ပညာရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည်။

Aye Chan Mon Credit To: Messenger News Journal
http://www.ayechanmon-news1.com/

Post a Comment

Post a Comment

 
Top