Friday, October 18, 2013
ဝတ်မှုံရွှေရည်က ဗီဒီယို ဇာတ်ကားသုံးကားကို ချောင်းသာမှာ သွားရောက်
ရိုက်ကူးနေပါတယ်။ ဗီဒီယိုသုံးကားအပြင် ရန်ကုန်မှာ ရိုက်ကူးခဲ့တဲ့ ‘အနူး ဘစ်’ ရုပ်ရှင်ဇာတ်ကား လက်ကျန် တချို့နဲ့ ကြော်ငြာ တစ် ခုပါ ရိုက်ကူး
ခဲ့မယ်လို့လည်း သိရပါတယ်။
လတ်တလော ချောင်းသာမှာ ရိုက်ကူး နေတဲ့ ဗီဒီယို ဇာတ်ကား တွေက ရိုမန့်ဇာတ် ကား လေးတွေလို့လည်း ဝတ်မှုံရွှေရည် က ပြောပြပါတယ်။
“ချောင်းသာမှာ ရိုက်နေတာ ဆက်တိုက် ဆိုတော့ ရန်ကုန်ကိုလည်း လွမ်းနေပြီ။ ပရိသတ်တွေကို ရော၊ သူငယ်ချင်း တွေကိုရောတအား လွမ်းနေပြီ။ ဒီမှာက အလုပ်ပဲရှိတာ လေ။
ကစ်က ဆယ်လပိုင်း လလယ် လောက်မှ ပြန်ရောက်မှာ၊ အဲဒါကြောင့်လည်း
ဖေ့စ်ဘုတ်ပေါ်မှာ ကစ်ရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် အမြဲ တင်ပေးထားပါတယ်” လို့ လည်း ဝတ်မှုံရွှေရည်က ပြော ပြပါတယ်။ ရိုက်ကူးထားတဲ့ ဇာတ်ကား တော်တော်များများက ရိုမန့်ဇာတ် ကားလေးတွေများသလို၊ ဇာတ်ရုပ် ကွဲထွက်တာလေးတွေ လည်း ရိုက်ဖြစ်ပါတယ်လို့ ပြောပြပါတယ်။
မေမွန်မောင်
အေးချမ်းမွန် Credit To >Popular Journal

Post a Comment
Post a Comment