သီဟကိုကို| သောကြာနေ့၊ ဇွန်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်
အခွန်ရုံးသို့ဆက်သွယ်ခြင်းမရှိသ
အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အအုံငှားရမ်းခြင်းဖြင့်ရရ
အခွန်ရုံးသို့ ဆက်သွယ်ခြင်းမရှိသည့် အိမ်၊ ခြံ၊ မြေ၊ ဆိုင်၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အအုံ၊ ငှားရမ်းခြင်း ဖြင့် ၀င်ငွေရရှိသူများကိုစိစစ်နိုင်ရ
စာရင်းကောက်ခံရရှိသည့် အခွန်ရုံးသို့ ဆက်သွယ်ခြင်းမရှိသူများကို ပြည်တွင်း အခွန်များဦးစီးဌာနက ကွင်း ဆင်းစစ်ဆေးသွားမည်ဟု ဆိုသည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က “ ကိုယ့်ဝင်ငွေက သိန်း၂၀ မကျော်လည်း အခွန်ရုံး ကိုဆက်သွယ်ရမယ်။ မကျော်ဘူးဆိုပြီး မဆက် သွယ်လို့တော့မရဘူး။ အဓိက အခွန်ရုံးကို ဆက်သွယ် သတင်းပို့ရမှာပါ။ သိန်း၂၀ မကျော်ရင် သုညရာခိုင်နှုန်းသက်သာခွင့်ပေးထာ
ယခုကာလများသည် အသိပေးသည့် ကာလဖြစ်ပြီး အခွန်ရုံးသို့ဆက်သွယ်ဆောင် ရွက်ခြင်းမရှိသည့် အိမ်၊ ဆိုင်၊ မြေ၊ ဂိုဒေါင်၊ စက်ရုံ၊ အဆောက်အုံငှားရမ်းခြင်းဖြင့် ၀င်ငွေ ရရှိသူများကို သြဂုတ်မှ စတင်ကာ စိစစ် သွားမည်ဖြစ်သည်။
အိမ်ခြံမြေငှားရမ်းခနှုန်းထားမျာ
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ပထမဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေတွင် ၀င်ငွေခွန်ကို သတ်မှတ်ထားသော ခံစားခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ်တွင် တစ် ကျပ်မှ သိန်း၂၀ အထိကို သုည ရာခိုင်နှုန်း၊ သိန်း ၂၀ မှ သိန်း ၅၀ အထိကို ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ မှ သိန်း ၁၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ သိန်း၁၀၀ မှ သိန်း ၂၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ သိန်း ၂၀၀ မှ သိန်း ၃၀၀ အထိကို ၂၀ ရာခိုင် နှုန်း၊ သိန်း၃၀၀ အထက်ကို ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဟုပြဋ္ဌာန်းထားသည်။
Aye Chan Mon Credit To: Mizzima - News in Burmese
http://
Post a Comment