0

ACM RE-Post 18-6-2014

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရာတွင် မသန်စွမ်းသူများအနေဖြင့် လက်မှတ်ရေးထိုးလိုပါက ရွှေမင်းသားဖောင်ဒေးရှင်းအားဆက်သွယ်၍ လက်မှတ်ရေးထိုးနိုင်ကြောင်း သတင်းရရှိသည်။

"မသန်စွမ်းတွေလည်း ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်ရေးထိုးဖို့ အဆင်မပြေမဖြစ်ရလေအောင် လုပ်ဆောင်ပေးတာပါ။ သွားရေးလာရေးခက်ခဲတဲ့သူတွေ၊ မျက်စိမမြင်တဲ့သူတွေ၊ ကိုယ်ခန္ဓာမသန်စွမ်းတဲ့သူတွေကို အိမ်တိုင်ရာရောက် လိုက်လံလက်မှတ်ရေးထိုးစေမှာပါ" ဟု ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောကြားသည်။

လက်မှတ်ရေးထိုးသူများသည် ရွှေမင်းသားဖောင်ဒေးရှင်းရုံးတွင် လာရောက်ရေးထိုးနိုင်သလို ကိုယ်တိုင်လာရောက်ရန် ခက်ခဲမှုများရှိပါကလည်း ဖုန်းဆက်ခေါ်၍ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ လက်မှတ်ရေးထိုးနိုင်ကြောင်း သိရသည်။

ထို့ပြင် ဇွန် ၂၀ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ အထက်ပါကိစ္စရပ်နှင့်ပတ်သက်သည့် Training တစ်ခုကို မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးကိုနီက ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်သည်။ ယင်းအပြင် မသန်စွမ်းသူများ လက်မှတ်ရေးထိုးရာတွင် ပါဝင်ကူညီပေးမည့် ၀န်ထမ်းအယောက် ၂၀ ကိုလည်း ခေါ်ယူသွားမည်ဖြစ်သည်။

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top