0

ACM Re-Post 2-6-2014
Author: ကြူကြူဟန်

နိုင်ငံတကာအလှမယ် သရဖူတစ်ခုကို ပရိသတ်များ၏ အကူအညီမပါ ကိုယ်ပိုင်အရည်အချင်းအစွမ်းအစနှင့် အာရှပစိဖိတ်အလှမယ်ဆုကို မြန်မာအလှမယ် မေမြတ်နိုးကရရှိသွားသည်။ နိုင်ငံပေါင်း ၄၀ ကျော်မှ အလှမယ်များကို ကျော်ဖြတ်ကာ ဆုရရှိခဲ့သော မေမြတ်နိုးသည် နှစ်ပေါင်း ၅၀ကျော်အတွင်း နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင် ပထမဆုရရှိသော ပထမဆုံး အလှမယ်ဖြစ်လာသည်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြိုင်ပွဲဝင်စဉ် ကာလတစ်လျှောက်ကလည်း ဒိုင်လူကြီးများ၏ ချီးကျူးခံခဲ့ရပြီး ‘‘ဒိုင်အများစုက မေမြတ်နိုးသည် အပြုံးချိုချိုနှင့် ခန္ဓာကိုယ်အချိုးအစားမှာ နိုင်ငံတကာအဆင့်မီပြီး လှပဆွဲဆောင်မှုရှိကာ နိုင်ငံတကာနှင့် ကမ္ဘာ့စင်မြင့်များတွင် ၀င်ဆံ့နိုင်သည့် အလားအလာကောင်းသူဟု မှတ်ချက်ပြုခံခဲ့ရသည်။

အသက်(၁၈) နှစ်သာ ရှိသေးသော မေမြတ်နိုးသည် ထိုပြိုင်ပွဲတွင် ပေါ်ပြူလာအဖြစ်ဆုံးဆုကိုလည်း ဆွတ်ခူးထားခဲ့သေးသည်။ မေမြတ်နိုးကို အိပ်မက်ဆုံရာ အစီအစဉ် -၆ ပြိုင်ပွဲဝင်ခဲ့သူအဖြစ်လည်း ပရိသတ်က သိရှိထားသည်။ မြန်မာနိုင်ငံဂုဏ်ကို ဆောင်ကာ Asia Pacific World 2014 သရဖူဆောင်းခွင့်ရခဲ့သူ မေမြတ်နိုးသည် ဇွန်လ၆ ရက်တွင် အမိမြေသို့ ပြန်လာမည်ဖြစ်သည်။ ဆိုးလ်မြို့တွင်သာ ရှိနေသေးသော မေမြတ်နိုးနှင့် အွန်လိုင်းမှ ဆက်သွယ်မေးမြန်းထားပါသည်။

ပွဲတိုက်ရိုက်ထုတ်လွှင့်မှ ကြည့်ရတာ ဆုကြေညာလိုက်တဲ့ အချိန်မှာ အံ့သြသွားတာတွေ့ရ တယ်။ ဆုကြေညာလိုက်တဲ့အ ချိန်မှာ ဘယ်လိုခံစားခဲ့ရလဲ။

ဆုကြေညာတဲ့အချိန်မှာ အ မှန်တကယ်ပြောရရင် အစီအစဉ် တင်ဆက်သူက ဘာပြောလိုက် မှန်း မကြားလိုက်ပါဘူး။ Miss ကိုရီးယားပထမဆုရသွားတယ် လို့ မြတ်နိုးကထင်လိုက်တာ။ တချို့ပြိုင်ပွဲဆို ပထမရတဲ့သူကို အရင်ကြေညာတယ်။ ညီမက Miss ကိုရီးယားရတယ်ဆိုပြီး ၀မ်း သာသွားတယ်။ နောက်မှ Miss ကိုရီးယားမဟုတ်ဘဲ မြတ်နိုးရ တယ်ဆိုတော့ ပိုပြီးဝမ်းသာသွား တာပေါ့။

ဒိုင်တွေ အားလုံးကလည်း ချီးကျူးထားကြတာ တွေ့ရတယ်။သရဖူရတာ ထိုက်တန်တယ်ဆို ပြီး ပြောကြတယ်။ ကိုယ်တိုင် ရော မြတ်နိုးအတွက် တကယ် ထိုက်ထိုက်တန်တန် ရလိုက်တယ် လို့ ယုံကြည်လားညီမ။

မြတ်နိုးကို ကူညီပံ့ပိုးပေးတဲ့ လူတွေအများကြီးရှိတယ်။ အမြင့် ဆုံးအဆင့်ထိရောက်အောင် သင် ကြားပေးတဲ့ ဆရာတွေရဲ့ အရည် အချင်းကို ယုံကြည်တယ်။ မြတ်နိုး မှာရှိတဲ့ အရည်အသွေးကိုလည်း ကိုယ်တိုင်ယုံကြည်မှုရှိတဲ့အတွက် ဒီယုံကြည်မှုတွေ အားလုံးကြောင့် ဒီဆုရတယ်လို့ မြတ်နိုးကိုယ်မြတ် နိုး ယုံကြည်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတကာ အလှမယ် သရဖူ ဆောင်းနိုင်တဲ့ သူတစ်ယောက်ဖြစ် သွားတော့ ညီမရဲ့ ပီတိစကား လေးပြောပါဦး။

မြန်မာနိုင်ငံရဲ့ ပထမဆုံး သရဖူဆောင်းရတဲ့ အလှမယ်ဖြစ် တဲ့အတွက် အရမ်းဂုဏ်ယူမိပါ တယ်။ ပထမဆုံး၊ ဒုတိယဆိုတာ အရေးမကြီးပါဘူး။ ပထမဆုံး မြန်မာနိုင်ငံအတွက် သရဖူရတယ် ဆိုတာက မြန်မာအတွက် ဂုဏ်ပါ ပဲ။ မယ်ရဲ့ ကြိုးစားအားထုတ်မှု ကို နိုင်ငံ့ကိုယ်စား ဂုဏ်ယူသင့် တယ်။ မြန်မာမယ်က သူ့ရဲ့နိုင်ငံ ကို ချစ်ခင်လေးစားမြတ်နိုးတဲ့ ဟာကို ဖော်ပြတဲ့အနေနဲ့ပဲလို့ ယူ ဆပါတယ်။

မြန်မာနိုင်ငံက ညီမကို အား ပေးနေတဲ့ ပရိသတ်တွေကိုကော ဘာများပြောချင်ပါလဲ။

မြတ်နိုးကို အင်တာနက်က ရော၊ သတင်းစာတွေ၊ ဂျာနယ် တွေထဲမှာတွေ့ပြီးတော့ အားပေးနေတဲ့ ပရိသတ်တွေ၊ သူငယ် ချင်းတွေ အားလုံးကို အထူးကျေး ဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့အားပေးမှုကြောင့် အင် အားတွေရှိပြီး အကောင်းဆုံးလုပ် နိုင်ခဲ့တာပါ။ ဆက်လျှောက်မယ့် အနုပညာလမ်းခရီးမှာ ခွန်အား တွေလည်း လိုအပ်သေးပါတယ်။ အဲဒါကြောင့် ဆက်လက်ပြီးတော့ အားပေးကြပါ။ မြန်မာနိုင်ငံက ပရိသတ်တွေမကပါဘူး။ ပြည်ပ ရောက်နေတဲ့ မြန်မာတွေအား လုံးရော၊ ကိုရီးယားမှာရောက်နေ တဲ့ မြန်မာတွေလည်း ပွဲကိုလာ ကြည့်ပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်။ မြတ်နိုးအ တွက်ပြိုင်ပွဲအထိ လာကြည့်ပေး တဲ့အတွက် မြတ်နိုးအတွက် အား ဆေးပဲပေါ့။ ကိုရီးယားမှာရှိတဲ့ မြန်မာတွေအားပေးနေတာ တွေ့ ရတဲ့အခါ ယုံကြည်မှုလည်း ပိုမြင့် သွားပါတယ်။

ပွဲကအခုချီးမြှင့်တဲ့ သရဖူ အပြင် ညီမအတွက် ဘာအကျိုး ခံစားခွင့်တွေ ရသေးလဲ။

ဒီမေးခွန်းအတွက်သိပ်မသေ ချာသေးဘူး။ Miss Asia Pacific World က Organizer က ဘာ တွေ စီစဉ်ထားလဲဆိုတာ မသိ သေးပါဘူး။ ဒါပေမဲ့ မြတ်နိုးပြိုင်ပွဲ မှာ တကယ်ရခဲ့တာက အတွေ့အ ကြုံပါပဲ။ အဲဒီအတွေ့အကြုံက မြတ်နိုးအတွက် ဘ၀မှာ တောက် လျှောက်အကျိုးပြုမယ်လို့ ယုံ ကြည်ပါတယ်။

ရှေ့ဆက်ဘာတွေ ဆက် လုပ်သွားမယ် စိတ်ကူးထားလဲ။

အနုပညာလမ်းပေါ်မှာ ရှေ့ ဆက်လျှောက်ပါမယ်။ ပြီးရင် ကျောင်းလည်း ဆက်တက်ပါ မယ်။ Style Plus H မှာ ကျောင်း သားတွေကို စာသင်ပေးဖို့လည်း တီချယ်လှနုနဲ့ တိုင်ပင်နေပါတယ်။

ကျေးဇူးတင်ပါတယ်။

Aye Chan Mon Credit To: 7 Days Daily
https://www.facebook.com/excellencemedia
ayechanmon-news1.com
3

Post a Comment

 
Top