ACM RE-Post 18-6-2014
Written by: ဇင်ဘိုလွင်
မိမိနှင့် အခြားခေါင်းဆောင်များ၏ ပြောပုံဆိုပုံများနှင့် ပတ်သက်၍ သတိပေးခြင်းသည် ရွေးကောက်ပွဲကော်မရှင်၏ အလုပ်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်န
“ကျွန်မ သို့မဟုတ် အခြားခေါင်းဆောင်တွေ ဘာပြောသင့်တယ်။ ဘာမပြောသင့်ဘူးလို့ သတိပေးတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အလုပ် မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုများတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်သော ဟောပြောမှုများမှာ အခြေခံဥပဒေကို ကျော်လွန်ရာရောက်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ရာတွင် ပါတီအနေဖြင့်ဖြစ်စေ၊ ပါတီဝင် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ မိမိတို့ ၀န်ခံလက်မှတ် ရေးထိုးထားသည့် သို့မဟုတ် ကတိသစ္စာ ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရန် တာဝန်နှင့် တည်ဆဲဥပဒေများနှင့်အညီ ဆွေးနွေးဟောပြောမှုများ ဖြစ်စေရန် တာဝန်တို့ကို သတိပြုဆောင်ရွက်ကြရန် အသိပေးကြောင်း စသည်ဖြင့် ကော်မရှင် သတိပေးစာတွင် ပါရှိခဲ့သည်။
ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ပတ်သက်၍ မန္တလေးမြို့၌ ဟောပြောခဲ့သည်များမှာ တပ်မတော်အပေါ် ပြည်သူလူထု ယုံကြည်အားကိုးလာရေးသာ ဟောပြောခြင်း ဖြစ်သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၀င်ရောက်သတိပေးနေခြင်းမှာ သင့်လျော်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဇွန် ၂ ရက်တွင် ကြေညာချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။
‘ဒေါ်အောင်ဆန်းစုကြည်က လူထုဟောပြောပွဲတွင် တင်ပြခဲ့သော တိုက်တွန်းချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်တို့နှင့် ညီညွတ်သည့်အပြင် ပြည်သူလူထု ယုံကြည်အားကိုး၍ ဂုဏ်သိက္ခာမြင့်မားသော တပ်မတော် ဖြစ်ရေးအတွက် ကောင်းသောရည်ရွယ်ချက်ဖြစ်ကြောင်
ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သတိပေးစာ ပေးပို့ခြင်းသည် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်ဆောင်ရန် တားမြစ်ခြင်း မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်း လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်ရှိသည့် ပြဋ္ဌာန်းချက် ပါဝင်သော်လည်း အဖွဲ့အစည်းများအား မထိခိုက်ရဟု တားမြစ်ချက်မျိုး ပါဝင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဘက်က ပြောကြားထားသည်။
Aye Chan Mon Credit To: Eleven Media Group
http://
Post a Comment