0

ACM Re-Post 2-6-2014
Author: အောင်သူရ၊ အောင်ခိုင်

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ နယ်စပ်တွင် လုံခြုံရေးတာဝန်ယူ ထားသော မြန်မာတပ်သားတစ် ဦး ပစ်ခတ်မှုကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်မှ လူတစ်ဦး သေ ဆုံးခဲ့သည်။ ယခုနှစ်အတွင်း နှစ် နိုင်ငံ နယ်စပ်တွင် တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်မှု လေးကြိမ်ထိ ရှိခဲ့သော်လည်း ယခုအကြိမ်တွင် နှစ်ဖက်တင်းမာမှုများ ရှိခဲ့သည်။ ယခုဖြစ်ပွားသော အခြေအနေ တွင် နှစ်ဖက်တပ်များ ချထားခြင်း အပါအ၀င် ကြည်းတပ်၊ ရေတပ် များ အသင့်အနေအထားအထိ ပြင်ဆင်နေကြသည်။ ထိုအခြေ အနေနှင့် ပတ်သက်၍ ရခိုင်စုံစမ်း ရေးကော်မရှင် အတွင်းရေးမှူး နိုင်ငံရေးသိပံ္ပပါမောက္ခ ဒေါက် တာကျော်ရင်လှိုင်အား တွေ့ဆုံ မေး မြန်းထားသည်ထဲမှ ကောက် နုတ်ဖော်ပြထားပါသည်။

ပြဿနာက ဘယ်ကစဖြစ်တာလဲ။ ဘာကြောင့်ဆိုတဲ့ မေးခွန်းကိုရော ဆရာဘယ်လို သုံးသပ်ပါလဲ။

RSO နဲ့ ပတ်သက်ပြီး ဒီမှာ က သတင်းတွေ အမျိုးမျိုး ဖြစ်နေ ပြီးတော့ ဘယ်လောက်မှန်တယ်၊ မမှန်ဘူးဆိုတာကတော့ ခုချိန်ထိ ကတော့ စိစစ်ဖို့ မလွယ်ဘူး။ မ လွယ်ဘူးဆိုပေမယ့် တကယ်ကို ပဲ ဒီမှာ မွတ်စလင်အစွန်းရောက် တွေက ဒီမှာ သင်တန်းတွေ လာ ပေးတယ်ဆိုတာက သတင်းတွေ ကြားနေတော့ မြန်မာနိုင်ငံက အ စွန်းရောက်တွေရဲ့ နောက်ထပ် ပစ်မှတ်တစ်ခု ဖြစ်လာနိုင်တယ်ဆို တဲ့ ကြားထဲမှာ မယုံကြည်မှုတွေ က ရှိနေတယ်ဆိုတော့ လုံခြုံရေး အဖွဲ့တွေကို သတိပေးထားသ လို ဖြစ်နေတယ်။ ပြဿနာက အစိုးရနဲ့ ဒေသခံတွေကြား သတင်းပေးတာတွေ လုပ်တာရှိပေမယ့် အခုချိန်မှာက သီးခြားကြီးလိုဖြစ် သွားတဲ့ အခါကျတော့ ဒေသခံ မွတ်စလင်တွေဆီက သတင်းရဖို့ က အတော်ကြီး ခက်ခဲနေတယ်။ သတင်းတွေကလည်း ခက်ခက်ခဲ ခဲရှိတဲ့အခါကျတော့ ကိုယ့်ဘက် က လုံခြုံရေးကို အဓိကထားပြီး ကြည့်ရတဲ့အခါကျတော့ နယ်စပ် ဒေသတစ်လျှောက်လုံးမှာ သွား လာနေကြတဲ့ လူတွေကြားထဲမှာ လုံခြုံရေးယူထားတဲ့ လူတွေမှာ တော်တော်လေး အန္တရာယ်များပါ တယ်။ အဲဒီလို အခြေအနေမျိုး တွေရှိနေတဲ့အခါကျတော့ လုံခြုံ ရေးကို အဓိကထားပြီး ကြည့်ရတဲ့ နေရာမှာ နှစ်ဦးနှစ်ဖက်က ပြဿ နာတွေဖြစ်လာရင် တစ်ဖက်နဲ့ တစ်ဖက်ဆက်သွယ်ပြီး လုပ်ကြ မယ်ဆိုတာတွေ မဟုတ်ဘူ။ အဲဒီ ဒေသမှာလည်း အခုထက်ပိုပြီး ရှင်းရှင်းလင်းလင်းလုပ်ရမယ့် ပေါ်လစီက မရှိတော့ အခုလိုဖြစ် တာပဲ။

လက်ရှိမြန်မာနိုင်ငံမှာလည်း အ ခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ဖို့ လုပ်နေတဲ့အချိန်မှာ အခု ဘင်္ဂ လားဒေ့ရှ်နဲ့ မြန်မာနယ်စပ်က ဖြစ် နေတဲ့ ကိစ္စဟာ ဒီ ပုဒ်မ ၄၃၆ လှုပ် ရှားမှုကို အာရုံပြောင်းဖို့ လုပ်တာ လို့ ဝေဖန်ကြတာရှိပါတယ်။ ဆရာ့ အနေနဲ့ရော ဘယ်လိုသုံးသပ်ပါ သလဲ။

အခုအချိန်ထိ ကျွန်တော်က တော့ ရခိုင်မှာဖြစ်ပေါ်နေတဲ့ ကိစ္စ တွေကို ဒေသခံတွေနဲ့ အမြဲတမ်း စကားပြောပါတယ်။ ဒီကိစ္စဖြစ် တာက ကိုယ့်ဘက်ကစတာလည်း မဟုတ်ဘူး။ အစိုးရက တမင်ကြီး ဆက်စပ်ဖို့အတွက် အစိုးရက တ မင်ကြီးလုပ်နေတယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ် ဒေသတွေမှာ ထိတွေ့မှုတွေ၊ စိုး ရိမ်စရာတွေ ရှိတယ်ဆိုတာက ကျွန်တော့်အလိုအရဆိုရင် ပိုပြီး တောင် သတင်းတွေ ထုတ်ပြန်ရ ဦးမှာ ပိုသိသင့်တယ်။ ပြည်သူက ဒီသတင်းတွေ ရှိထားမှ ကိုယ့် ဘက်က ကိုယ့်နိုင်ငံက အခုအခြေ အနေမှာ မြန်မာနိုင်ငံကပဲ တမင် သက်သက် လုပ်လိုက်တာမျိုး စိုး ရိမ်ရတယ်။ ဒါကြောင့် အခုထက် ပိုပြီး လူတွေသိအောင် လုပ်ဖို့လို တယ်။ ဖြစ်ပွားတာတွေကို ကြည့် လိုက်ရင် ဖြစ်နေတဲ့ နိုင်ငံရေးကိစ္စ တွေကို လွှမ်းမိုးဖို့ လုပ်တယ်ဆို တာတော့ ကျွန်တော် အခုအချိန် ထိ မတွေ့သေးဘူး။ ဟိုမှာဖြစ် တာက ဖြစ်သွားတာပဲ အစိုးရဘက် က ပြောတယ်ဆိုတာ နည်းတယ်။ ဆိုရှယ်မီဒီယာမှာပဲ ပြောနေကြ တာ။ အစိုးရသတင်းစာက ဒီကိစ္စ ကို ပြဿနာကြီးတွေ အကျယ် လုပ်ပြီး ပြောတာ မတွေ့ရဘူး။

RSO ဆိုတာ မရှိဘူးလို့ ဘင်္ဂလား ဒေ့ရှ်က ငြင်းထားပါတယ်။ ဒီအ ပေါ်ဘယ်လိုမြင်ပါသလဲ။

RSO ဆိုတာက နာမည်ကိုး။ နာမည်ကတော့ သူတို့ ဘာနာမည် နဲ့ ဘယ်လိုသုံးတယ်ဆိုတာ မသိ ဘူး။ ကျွန်တော်တို့ရရှိတဲ့ မြေပြင် သတင်းတွေအရကတော့ ဒီဘက် မှာ စစ်ရေးလေ့ကျင့်မှုတွေ၊ သင် တန်းတွေ လုပ်နေတယ်လို့တော့ ကြားတယ်။ ဒေသဆိုင်ရာတွေကို မေးကြည့်တဲ့အခါမှာလည်း သူတို့ မွတ်စလင်တွေကြားမှာကို ဒါမျိုး တွေ ကြားပါတယ်လို့ ၀န်ခံကြပါ တယ်။ နာမည်ဘယ်လိုခေါ်လဲ ဆိုတာတော့ သူတို့ဘယ်လိုခေါ် လဲ၊ ကျွန်တော်တို့ဘယ်လိုခေါ် လဲ အမျိုးမျိုးခေါ်လို့ရငြားသော် လည်း အဲဒီဒေသတွင်းမှာတော့ ပြောလို့ရှိရင် အစိုးရကို ဆန့် ကျင်ဖို့အတွက် လှုပ်ရှားမှုတွေ ရှိ နေတယ်လို့တော့ သတင်းတွေ တော်တော်များများ ရနေတယ်လို့ ပြောလို့ရပါတယ်။

နစကကို ဖျက်သိမ်းလိုက်လို့ ဒါ မျိုးဖြစ်လာတဲ့ သဘောလား။

နစကကို ဖျက်လိုက်ပြီးတဲ့ အခါကျတော့ လုံခြုံရေးဆိုင်ရာ လေဟာနယ်တစ်ခု ဖြစ်လာတယ်။ အဲဒီလိုဖြစ်ပြီးတဲ့အခါ တော်တော် များများက ဒီနှစ်ခုရဲ့ကြားထဲမှာ နည်းနည်း လစ်ဟာသွားတယ်။ ပြီးတော့ ကျွန်တော်တို့ လုံခြုံရေး အရ ရဲတပ်ရင်းတွေလည်း ရွှေ့ လိုက်တယ်။ တော်တော်လည်း အခြေအနေပြန်ပြီး ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါ နစက မရှိလို့ဖြစ် လာတာလားဆိုတော့ လုံးဝလည်း ကွက်တိပြောလို့ မရဘူး။ မရဘူး ဆိုတာ ဘာလဲဆိုရင် နစကရှိနေ တုန်းကလည်း သောင်းကျန်းသူ တွေဝင်လာပြီး ဒီလိုမျိုး ပစ်တာ၊ ခတ်တာတွေ ဖြစ်တာပဲ။ ဒါပေမဲ့ နစက ရှိနေတုန်းကတော့ ကြောက်ပြီးတော့ ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိတာပေါ့။ ဒါပေမဲ့ အခုက ပြုပြင်ပြောင်းလဲမှုတွေ လုပ် နေတဲ့အတွက် နစကလို အဖွဲ့မျိုး နဲ့ တအားကြီးကို ကျပ်ဖို့ဆိုတာက တော့ တော်တော်ကြီးကို မလွယ် တဲ့ခေတ်ကို ရောက်သွားပြီဆို တော့ နစကကို ဖျက်သိမ်းလိုက် တာပေါ့။ ဖျက်သိမ်းလိုက်ပေမယ့် အဲဒီနေရာမှာ နယ်စပ်ဒေသ လုံ ခြုံရေးကို ထိထိမိမိ လုပ်ဖို့အတွက် နှစ်ခုကြားထဲမှာ နည်းနည်းလေး ဟသွားတာရှိတယ်။ ဒါပေမဲ့ အခု ရဲတပ်ရင်းတွေက တော်တော် လေးကို လုပ်နေကြပါတယ်။ အဲဒီ မှာရှိတဲ့ အရာရှိကြီးတွေကလည်း အရည်အချင်းပြည့်ပြီးတော့ အ ရာရှိငယ်တွေကလည်း လက်နက် ပစ္စည်းကိရိယာကအစ နယ်မြေခံ ရဲတွေနဲ့မတူဘဲ ပြည့်ပြည့်စုံစုံ လုပ် ထားတာဆိုတော့ ကြည့်လိုက် မယ်ဆိုရင် ပစ်တာ၊ ခတ်တာ ဒီလိုရှိပေမယ့် အရမ်းကြီး ဆိုးဆိုးရွား ရွား လုံးဝကြီးကို ကိုယ့်ဘက်ကနေ လက်လွတ်သွားတာ မရှိပါဘူး။ အဲဒီစစ်တိုက်တဲ့အပိုင်း၊ ပစ်ကြ၊ ခတ်ကြတာက နစကရှိတုန်းက လည်း ဖြစ်ခဲ့တာပဲ။ အခု မရှိတဲ့ အခါမှာ ကျွန်တော်တို့ဘက်က အဲဒီလိုဖြစ်တယ်ဆိုပေမယ့် သေ သေချာချာလေး ကိုယ့်ရဲ့ နယ် ခြားစောင့်တပ်ဖွဲ့တွေကလည်း လုပ်လာနိုင်ပါတယ်။ အခုလို ဖြစ် တာက နစကမရှိလို့ဖြစ်တာလို့ ကျွန်တော်တော့ မမြင်ဘူး။

ဒီနယ်စပ်ပြဿနာကြောင့် မပြီး သေးတဲ့ ဘင်္ဂါလီအရေးကို ဘယ် လိုသက်ရောက်မှုတွေ ဖြစ်လာနိုင် ပါသလဲ။

ခုနကျွန်တော်ပြောခဲ့သလို ပေါ့။ ဒီပြဿနာကို အမြစ်က ပြတ်အောင် မဖြေရှင်းနိုင်ရင် ဟိုဘက်သွားလိုက်၊ ဒီဘက်သွား လိုက်၊ ဒီဘက်က လူဆိုးက ဟို ဘက်ပြေးလိုက်၊ နောက်ပြီး ဒေသ ခံတွေကလည်း အစိုးရနဲ့ ပူး ပေါင်းဆောင်ရွက်မှုမရှိတဲ့အခါကျတော့ ဖြစ်နေတဲ့ပြဿနာတွေ က လွယ်လွယ်ကူကူ ဘယ်ဖြေ ရှင်းနိုင်မလဲ။ မဖြေရှင်းနိုင်တော့ ဒီဘက်က လူတွေက ဟိုဘက် ပြေးကြတယ်ဆိုကတည်းက နယ်စပ် မှာ အဆင်မပြေတာတွေ ဖြစ် တယ်။ သူတို့ ဒေသခံအခေါ် BD(နယ်စပ်ဖြတ်ကျော်ပြေးနေသူများ) ပြေးတွေ၊ ပြဿနာတွေက BD ပြေးတွေကပဲ လုပ်နေတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးတဲ့သူတွေကပဲ လုပ်နေတယ်။ BD ပြေးတွေ ဒီဘက်ပြန်သွားလိုက်၊ ဟိုဘက် ပြန်သွားလိုက်စကားလုံးကို ရှိနေတာဆိုတော့ ဒါ BD ပြေးလို့ ပြောကတည်းက ဒါဟိုဘက်သွားတာဆိုတော့ ဒီပြဿနာတွေ မရှင်းနိုင်သရွေ့ကတော့ နယ်စပ်မှာ ဒီလိုမျိုး ပြဿနာလေးတွေကတော့ဖြစ်နေမှာ ပဲ။ ကျွန်တော့်အနေနဲ့ ပြောရ ရင် ဒီလောက်ရှုပ်ထွေးနေတဲ့ အချိန်မှာ ဒီလောက်လေးပဲ ဖြစ် တယ်ဆိုတာ တော်သေးတယ်လို့ ပြောရမယ်။

ဒီပြဿနာနဲ့ ပတ်သက်ပြီး ဖြေရှင်း ဖို့ အစိုးရကိုဘာများအကြံပြုချင် ပါသလဲ။

ဖြေရှင်းဖို့က နံပါတ် ၁ က ခုဟာက သံတမန်ရေးရာနဲ့ ဖြေ ရှင်းရမယ့် ပြဿနာ၊ ဒေါသနဲ့ ဖြေ ရှင်းရမယ့် ကိစ္စမဟုတ်ဘူး။ သံတ မန်ရေးရာဆိုတော့ ခုလိုဖြစ်သွား တယ်။ ကျွန်တော်တို့က ဖြစ်သွား ပြီးတဲ့ဟာကို အပြစ်တစ်ခုအဖြစ် မြင်တယ်ဆိုရင် ဘယ်တော့မှ အ ဖြေရှာတွေ့မှာမဟုတ်ဘူး။ အခု ဟာဖြစ်သွားပြီးတာကို နှစ်နိုင်ငံ ကြားမှာ ရှိနေတဲ့ လုံခြုံရေးတပ် ဖွဲ့တွေကြား ဒါမျိုးတွေ မဖြစ် အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုမှ ရမှာဆိုတော့ နှစ်ဦးနှစ်ဖက် ကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ လည်း လိုအပ်ပါတယ်။ ဒေသလုံ ခြုံရေးဆိုတာက အဲဒီလိုမျိုး ပူး ပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံကြား မှာ ပေါ်လစီတွေ စနစ်ကျကျ ချ မှတ်ပြီး ဆောင်ရွက်သွားနိုင်ဖို့ လို ပါတယ်။ ဒါကတစ်ချက်။ နောက် တစ်ချက်က လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ဒီပြဿနာကြီးကို ဟိုမ ရောက်ဒီမရောက် ဖြစ်နေမယ့်အစား အသေအချာ ပေါ်လစီတွေချမှတ်ပြီး ဆောင်ရွက်သွားဖို့လိုပါတယ်။ မလုပ်ဘူးလားဆို တော့ လုပ်နေပါတယ်။ အစိုးရ လည်း လုပ်နေပါတယ်။ ဒါပေမဲ့ တိုင်းပြည်ထဲမှာ ပြုပြင်ပြောင်းလဲ မှုတွေ အများကြီးကို တစ်ပြိုင် တည်း လုပ်နေရတာဆိုတော့ ဒါကတော့ အကုန်လုံးကိုတော့ စိတ်သွားတိုင်း ကိုယ်မပါတာ ဖြစ်နိုင်ပါတယ်။ လုပ်သင့်လုပ် ထိုက်တာတွေကို လုပ်ဖို့ အစီအ စဉ်တွေ ရှိတယ်ဆိုတာလည်း သိပါတယ်။ တတ်နိုင်သလောက် လည်း လုပ်နေတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ဟာက လက်ရှိမှာ အစိုးရ လုပ်ချင်တာတွေ အင် တိုက်အားတိုက် လုပ်နိုင်ဖို့ဆို တာက ဒေသဆိုင်ရာတွေရဲ့ ပူး ပေါင်းဆောင်ရွက်မှုလိုတယ်။ အဲဒီတော့ ကျွန်တော်တို့ verifi-cation ဆိုတာ အစိုးရဘက်က လုပ်ဖို့ လိုတယ်။ verification ဆိုတာ အစိုးရက ရခိုင်ပြည်နယ် အတွင်းမှာ တရားမ၀င် ၀င် ရောက်နေထိုင်သူတွေ ရှိ၊ မရှိနဲ့ ပတ်သက်ပြီး အစိုးရဘက်က လုပ် တာ။ လုပ်တော့ ဟိုဘက်က မွတ် စလင်တွေကလည်း ပူးပေါင်း ဆောင်ရွက်မှု မရှိတာတွေအများ ကြီး။ ပူးပေါင်းဆောင်ရွက်မှု မရှိ တာတွေ ရှိတယ်။ အဲဒီအခါကျ တော့ စစ်တွေက IDPs Camp ပေါ့။ အဲဒီမှာ ပူးပေါင်းဆောင် ရွက်မှု မရှိတော့ ကျွန်တော်တို့ လ၀ကက လူတွေကလည်း ဒီ verification ထိထိရောက်ရောက် ကို မလုပ်နိုင်ဘူး။ ဒါအပြန်အလှန် လိုအပ်ချက်တွေ ရှိပါတယ်။ အခု ကျတော့ ကျွန်တော်တို့ ဒီလ၀က ဌာနတွေက အချက်လေး၊ ငါးခုပဲ မေးမယ် ဒီဟာကို ဖြေ။ ဖြေပြီး ရင် verification ပေါ့။ တချို့က လည်း ပူးပေါင်းဆောင်ရွက်မယ် ပြောတယ်။ တချို့ကလည်း တ ကယ့်လက်တွေ့လုပ်တဲ့အခါကျ ရင် ကန့်လန့်တိုက်တာ ရှိတယ်။ ဒီမေးခွန်းငါးခုကလည်း ဘာမှ ခက်ခက်ခဲခဲပါတာလည်း မဟုတ် ဘူး။ ကိုယ့်အမည်၊ အသက်၊ ကိုယ့်ရွာအမည်၊ ကိုယ့်ရဲ့ Gen−der ကျားလား၊ မလားဆိုတာ၊ မွေးသက္ကရာဇ် ဒါပဲမေးမှာ။ ဒီငါးခုကို မေးပြီး ဆက်လုပ်သင့် လုပ်ထိုက်တာကို လုပ်သွားဖို့ ဖြစ် ဖို့ဆိုတာ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်။ အစိုးရအ နေနဲ့လည်း ကိုယ့်ရဲ့ပေါ်လစီတွေ သေချာ ချမှတ်ပြီးလုပ်ဖို့လိုတယ်။ ကျွန်တော်တို့မြင်တာ အောက်ခြေ က လူတွေ ပူးပေါင်းပါဝင်မှုမရှိ ရင် ဘယ်လိုဖြစ်မယ်ဆိုတာ တွေး တောပူနေမယ့်အစား လုပ်သင့် လုပ်ထိုက်တာကို ထိထိရောက် ရောက်လုပ် ပြီးရင် ဒေသခံတွေက လည်း ပူးပေါင်းဆောင်ရွက်ရမယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား တွေကလည်း ပြောထားတာက ၁၉၈၂ ဥပဒေအရ နိုင်ငံသားရ သင့်ရထိုက်တဲ့သူရှိရင် ရသင့်တဲ့ အခွင့်အရေးပေး၊ မရသင့်တဲ့ သူ ကိုလည်း ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူဆိုတော့ ဒီဟာကို ကျွန်တော်တို့ ထိထိ ရောက်ရောက်သွားနိုင်ဖို့ လိုတယ်။ လုပ်တဲ့အခါမှာ ကျွန်တော်တို့က တာဝန်တွေကလည်းများ၊ တ ခြားဟာတွေကလည်းရှိတော့ ဒါ တွေကို ထိထိရောက်ရောက် မြန် မြန်ဆန်ဆန် အတတ်နိုင်ဆုံး လုပ် သွား။ တစ်ဖက်မှာလည်း သံတ မန်နည်းအရ ထိထိရောက်ရောက် ကျွန်တော်တို့ Reactive ဆိုတာက ကျွန်တော်တို့ တစ်ခုခုဖြစ်တော့မှ မဟုတ်ဘဲ ဖြစ်လာနိုင်တဲ့ အလား အလာတွေ ဘယ်လိုရှိမလဲဆိုတာ ကြည့်ပြီးတော့၊ ကြိုတင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ ဟာတွေ လုပ်သွားဖို့လိုတယ်။ အဲဒီနှစ်ချက် က အဓိကပါပဲ။

ဒီပြဿနာပြေလည်ဖို့ UN တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေ လို အပ်မလား။ နှစ်နိုင်ငံပဲ ဖြေရှင်း နိုင်မယ် ထင်ပါသလား။

နှစ်နိုင်ငံကြားမှာ ဖြစ်တဲ့ ပြ ဿနာဆိုတာက နှစ်နိုင်ငံချင်းပဲ ဖြေရှင်းတာ ကောင်းပါတယ်။ လက်ရှိ ရှိနေတဲ့ နှစ်နိုင်ငံခေါင်း ဆောင်တွေ အပြန်အလှန် ဆက်ဆံမှုကို ကြည့်ရရင် ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်။ UN ဆိုတာက နှစ်နိုင်ငံကြားက ပြဿ နာကို အဲဒီသက်ဆိုင်ရာ နှစ်နိုင်ငံ က လုံးဝမဖြေရှင်းနိုင်မှ အခြေအ နေတွေဆိုးလာလို့ ကြားဝင်တာ မျိုး (သို့မဟုတ်) နှစ်နိုင်ငံက UN ကို တောင်းဆိုတာမျိုး ဒီလိုပဲ ရှိ တာလေ။ ဒါပေမဲ့ ကျွန်တော်ထင် ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တော့ နှစ်နိုင်ငံပဲ အပြန်အလှန် ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်။

ဆွေးနွေးပွဲတစ်ခုတွင် ပါဝင်ဆွေးနွေးနေသည့် ဒေါက်တာကျော်ရင်လှိုင် (ဓာတ်ပုံ − ငြိမ်းချမ်းနိုင် / အီးပီအေ)

Aye Chan Mon Credit To:7 Days Daily
https://www.facebook.com/excellencemedia
yechanmon-news1.com
3

Post a Comment

 
Top