0


ပြီးခဲ့သည့် သာကြာနေ့က ကစားခဲ့သော ကော်စတာရီကာနှင့်အီတလီတို့ပွဲတွင် အီတလီအသင်းက ကော်စတာရီကာကို (၁-၀)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ခြင်းကြောင့် အင်္ဂလန်အသင်းမှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီဖြစ်ကြောင်းသိရသည်။
အဆိုပါပွဲတွင် အီတလီအသင်းမှာ ဒဏ်ရာမှပြန်လည်သက်သာလာသော ဂိုးသမားဘူဖွန်ကို ပထမကစားသမားစာရင်း၌ထည့်သွင်းကစားခဲ့ပြီး ကျန်သည့်အဓိကကစားသမားများဖြစ်သော ဘာလိုတယ်လီ၊ ပီယာလို၊ ဒီရော့ဆီ၊ မာခီစီယို၊ ချီလီနီစသည့်
ကစားသမားများအစုံအလင်ဖြင့်ပွဲထွက်ခဲ့သော်လည်း ကော်စတာရီကာအသင်းကို အသာစီးမရခဲ့ဘဲ (၁-၀)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အီတလီအသင်းသည် ပွဲချိန်အများစုတွင် ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့သော်လည်း ဂိုးသွင်းခွင့်ရရှိမှုတွင် ကော်စတာရီကာ
အသင်းက ပိုမိုရရှိခဲ့ပြီး တန်ပြန်တိုက်စစ်များဖြင့်ပြန်လည်ထိုးဖောက်ခဲ့သည်။ ကော်စတာရီကာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပထမပိုင်း(၄၄)မိနစ်တွင် ဘယ်နောက်ခံလူဒီယက်ဇ်၏ ဖြတ်တင်ဘောလုံးကို တိုက်စစ်မှူးဘရိုင်ယန်ရုဇ်က ခေါင်းတိုက်သွင်းယူ
ခဲ့ခြင်းဖြစ်သည်။ အီတလီအသင်းသည် ဒုတိယပိုင်းတွင် ကာဆာနို၊ အစ်ဆစ်ဂ်နီ၊ ကာစီ စသည့်ကစားသမားများကို ထည့်သွင်းကာ ကစားအားမြှင့်ခဲ့သော်လည်း ကော်စတာရီကာခံစစ်က အကောင်းဆုံးဟန့်တားနိုင်ခဲ့ပြီး ပွဲအပြီးတွင် (၁-၀)ဂိုးဖြင့်အနိုင်ရခဲ့ခြင်း
ဖြစ်သည်။ ကော်စတာရီကာအသင်းသည် အုပ်စုပွဲစဉ်တွင်(၂)ပွဲကစား၊ (၂)ပွဲနိုင် (၆)မှတ်ဖြင့် ရှုံးထွက်(၁၆)သင်းအဆင့်သို့ရောက်ရှိခဲ့ပြီဖြစ်ပြီး ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှုံးထွက်အဆင့်သို့တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အီတလီ
အသင်းမှာမူ ကမ္ဘာ့ဖလားပွဲတွင် ဂိုးမသွင်းနိုင်ဘဲရှုံးနိမ့်ခဲ့ခြင်းမှာ ၁၉၉၈ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်းသိရသည်။ အီတလီအသင်းအနေဖြင့် ယခုပွဲတွင်ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုအဆင့်မှတက်ရန် ဥရုဂွေးနှင့်ပွဲတွင်ရုန်းကန်ရမည်ဖြစ်ပြီး အနိမ့်ဆုံးသရေ
တစ်မှတ်ရယူနိုင်မှသာ(goal Difference ကွာခြားမှုအရ ) နောက်တစ်ဆင့်သို့တက်ရောက်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ယခုပွဲတွင် အီတလီအသင်းရှုံးနိမ့်ခဲ့ခြင်းကြောင့် အမှတ်မရသေးသည့် အင်္ဂလန်အသင်းမှာမူ အုပ်စုအဆင့်မှလှည့်ပြန်ခဲ့ရပြီဖြစ်သည်။အင်္ဂလန်အသင်းသည် အီတလီ၊ ဥရုဂွေးတို့ကို
ဆက်တိုက်ရှုံးနိမ့်ခဲ့ရာ လာမည့်ကော်စတာရီကာနှင့်ပွဲရလဒ်မှာ အရေးမပါတော့ဘဲ အုပ်စုအဆင့်မှထွက်ခဲ့ရခြင်းဖြစ်သည်။

ကော်စတာရီကာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဘရိုင်ယန်ရုဇ်ခေါင်းတိုက်သွင်းယူလိုက်စဉ်(Photo:AFP)

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top