ရောမ ၊ ACM RE-Post 18-6-2014
အီတလီနိုင်ငံ တွင် ဇနီးဖြစ်သူ နှင့် ကလေးနှစ်ဦးကို သတ်ဖြတ်ပြီးနောက် သွေးအေးအေးဖြင့် အရက်ဆိုင်သို့ သွားရောက်၍ အီလတီ နှင့် အင်္ဂလန် တို့၏ ကမ္ဘာ့ဖလား ဘောလုံးပွဲ ပြသမှုကို သွားရောက် ကြည့်ရှုခဲ့သူ အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆို ထားကြောင်း သိရသည်။
ကာလိုလီစီ အမည်ရှိ အသက် ၃၁ နှစ်အရွယ် အဆိုပါ အမျိုးသား သည် မီလန်မြို့ အနီးရှိ မိုတာဗစ်စကိုနီမြို့ တွင် နေထိုင်သူ ဖြစ်ပြီး ၄င်းသည် ဇွန်လ ၁၄ ရက် ညပိုင်းတွင် ဇနီးဖြစ်သူ ခရစ္စတီးနား အိုမက်စ် နှင့် အသက် ၅ နှစ်အရွယ် နှင့် တစ်နှစ် ၈ လအရွယ်ရှိ ကလေးငယ် ၂ ဦးကို ဓားဖြင့် ထိုးသတ်၍ ကမ္ဘာ့ဖလား ဘောလုံးပွဲကို သွားရောက် ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။
မိသားစုဝင် များကို သတ်ဖြတ်ပြီး နောက်တွင် ပြစ်မှု ကျူးလွန်ရာ၌ အသုံးပြု ခဲ့သည့် ဓားကို မြောင်းတစ်ခု အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း ၊ ယင်းနောက်တွင် သူငယ်ချင်း အပေါင်းအသင်း များရှိရာ အရက်ဆိုင် သို့ သွားရောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ မိမိ ကျူးလွန်ခဲ့သည့် ပြစ်မှုကြောင့် အာဏာပိုင် များအနေဖြင့် အပြင်းထန် ဆုံးသော စီရင်ချက် ကိုသာ ချမှတ်ပေးရန် ကာလိုလီစီ က တောင်းဆို ထားကြောင်း သိရသည်။ ကာလိုလီစီ ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရမိသည့် အကြောင်းအရာ နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန် ထားခြင်း မရှိပေ။
သို့ရာတွင် ဇနီးသည် နှင့် ရင်သွေးငယ် ၂ ဦးကို ၄င်းက သတ်ဖြတ် ရသည့် အကြောင်းရင်း ကိုမူ ရဲတပ်ဖွဲ့ဝင် များက ကာလိုလီစီ ကို ဆက်လက် မေးမြန်းလျက် ရှိသည်ဟု သိရှိရသည်။
ကာလိုလီစီ နှင့် ဇနီးသည် ခရစ္စတီးနားအိုမက်စ်
Aye Chan Mon Credit To:The Myawady Daily
http://www.ayechanmon-news1.com/

Post a Comment