0

ငွေကြေး အလွဲသုံးစားမှုနဲ့ အမှုဖွင့် စစ်ဆေးခံနေရတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်က ရပ်စဲလိုက်တဲ့ ကိစ္စကို နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြည်သူ့လွှတ်တော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဦးဆန်းဆင့်က မဟာသန္တိသုခ ကိစ္စအပါအဝင် နိုင်ငံတော်သမ္မက တာဝန်ပေးတဲ့ အလုပ်တွေမှာ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက အခုလို အရေးယူရတာလို့ ဦးရဲထွဋ်က ဆိုပါတယ်။

ငွေကြေး အလွဲသုံးစားမှုနဲ့ ပတ်သက်လို့ ဦးဆန်းဆင့်ရဲ့ မိသားစုဝင်တွေ၊ သူနဲ့ ပတ်သက်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက် စစ်ဆေးနေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အကြီးတန်း အရာရှိတစ်ဦးက The Voice ကို အတည်ပြုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိချက် အပေါ် မူတည်ပြီးတော့ ဦးဆန်းဆင့်ကို အရေးယူမှု ပြုလုပ်မယ်လို့ အကြီးတန်း အရာရှိတစ်ဦးက ဆက်ပြောပါတယ်။

Aye Chan Mon Credit To: The Voice Weekly
http://www.ayechanmon-news1.com/

Post a Comment

 
Top