0

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် လာမည့်ဘောလုံးရာသီတွင်လည်း အသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြော ကြားခဲ့သည်။

ာစင်ဝင်းဂါး၏ အာဆင်နယ်အသင်းနှင့် လက်ရှိ စာချုပ်သက်တမ်းသည် ယခုနှစ် ဘောလုံးရာသီတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် အာဆင်နယ်အသင်း အမှုဆောင်အရာရှိချုပ် ဖြစ်သူ အိုင်ဗန်ဂါဇီဒစ်အနေဖြင့်လည်း အသင်းအား ၁၉၉၆ ခုနှစ်မှစတင်ကာ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သည့် အာစင်ဝင်းဂါးအား စာချုပ်သစ်ချုပ်ဆိုသွားမည် ဖြစ် ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ရာသီအစပိုင်းတွင် ရလဒ်ကောင်းမွန်ခဲ့သော်လည်း လက်ရှိတွင် ပရီမီယာလိဂ် ဖလားရရှိမည့် အခွင့်အရေးနှင့် သွေဖည်သွားခဲ့ပြီဟု သတ်မှတ်ခြင်းခံထားရပြီး ယခုနှစ်ဘောလုံးရာသီတွင် ပရီ မီယာလိဂ်ဖလားချန်ပီယံဘွဲ့နှင့် လွဲရမည့်အနေအထား တွင် ရှိနေလင့်ကစား မေလထဲတွင် ဟားစီးတီးအသင်းနှင့် ကစားမည့် အက်ဖ်အေဖလားကို ရယူဆွတ်ခူးကာ ၂ဝဝ၅ ခုနှစ်နောက်ပိုင်း ဝေးကွာခဲ့သည့် ချန်ပီယံဆုဖလားတစ်ခု ကို ပထမဆုံးအကြိမ်အဖြစ် ရယူဆွတ်ခူးမည့် အခွင့်အလမ်း တစ်ရပ်ကို ပိုင်ဆိုင်နိုင်ဖွယ်ရှိကြောင်းလည်း အာဆင်နယ် အသင်း အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့သည်။

Aye Chan Mon# Credit To : The Mirror Daily > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top