ဖနောင်ပင် ဧပြီ ၂၆
ငွေကြေးအလွဲသုံးမှုဖြင့် စွဲချက်တင် ခံထားရသူ ရုရှားလူမျိုး သန်ြး<ွကယ်သူဌေး ကြီး ဆာဂေးပိုလန်စကီး(ပုံ)အား ရုရှားနိုင်ငံသို့ ပြန်လည်လွှဲအပ်ခြင်းမပြုနိုင်ဟု ကမ္ဘော ဒီးယား တရားရုံးချုပ်က စီရင်ချက် ချမှတ် လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာန များက ဧပြီ ၂၆ ရက်တွင် သတင်းထုတ်ပြန် သည်။
ကမ္ဘောဒီးယားနှင့် ရုရှားနိုင်ငံတို့အကြား တရားခံလွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာ သဘော တူစာချုပ်ချုပ်ဆိုထားခြင်းမရှိသဖြင့် ပိုလန် စကီးအား တရားစွဲဆိုနိုင်ရန် ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်းမပြုနိုင်ကြောင်း တရား သူကြီး ကင်ဆိုသာဘီ၏ စီရင်ချက်တွင် ဖော်ပြ သည်။
ပိုလန်စကီးသည် အိုးအိမ်တည်ဆောက်ရေး စီမံကိန်းတစ်ရပ်အရ အစုရှင်များက ယုံကြည် စွာ အပ်နှံထားသည့် ငွေကြေးမှ အမေရိကန် ဒေါ်လာ ၁၇၅ သန်းကျော်ကို အလွဲသုံးမှု ပြုလုပ်ခဲ့သည်ဟု ၂ဝ၁၂ ခုနှစ် ဇူလိုင်လတွင် ¤င်း၏မျက်ကွယ်၌ စွဲချက်တင်ခံခဲ့ရသည်။
ကမ္ဘောဒီးယားအာဏာပိုင်များသည် ရုရှား နိုင်ငံ၏ မေတ္တာရပ်ခံချက်အရ ပိုလန်စကီးကို လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဖမ်းဆီးခဲ့ သည်။ သို့ရာတွင် ယခုနှစ် ဇန်နဝါရီလအတွင်း ¤င်းကိုအာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ပိုလန်စကီးသည် ၂ဝဝ၈ ခုနှစ် ရုရှား နိုင်ငံ၏ သူကြွယ်များစာရင်းတွင် နံပါတ် ၄ဝ နေရာ၌ရပ်တည်နေပြီး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၅ ဘီလီယံရှိ ဓနဥစ္စာများကို ပိုင် ဆိုင်သည်ဟု ဖိုးဘီးစ်မဂ္ဂဇင်းက ရေးသားဖော်ပြ ခဲ့သည်။
ဆင်ဟွာ။
Aye Chan Mon# Credit To : The Mirror Daily > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment