0

SEA Games ကာလအတွင်း ကညနနှင့် သံရည်ကျိုစက်ရုံများ ပိတ်မည်ဆိုသည့် ကောလာဟလ သတင်းများကြောင့် စလစ်ဈေးအနည်းငယ် မြင့်တက်သွားကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။
ပြီးခဲ့သည့် တစ်ပတ်အတွင်းက အပ်ကားများသည် ကျပ် ၈၃ သိန်းအထိ ဈေးနှုန်း ကျဆင်းသွားခဲ့သော်လည်း SEA Games ကာလအတွင်း ဌာနဆိုင်ရာများ ပိတ်မည်ဆိုသော သတင်းများကြောင့် ကျပ်သုံးသိန်းခန့် ဈေးနှုန်း မြင့်တက်သွားခဲ့သည်။
ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်နေသော စလစ်ဈေးကွက်နှင့် ပတ်သက်ပြီး ကားဝယ်/ရောင်း တစ်ဦးက “SEA Games ကာလအတွင်းမှာ ဌာနဆိုင်ရာတွေ ပိတ်မယ်ဆိုပြီး ကောလာဟလသတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း စလစ်ဈေး အနည်းငယ်မြင့်တက်သွားခဲ့ပါတယ်၊ ဒီသတင်းတွေကြောင့် အ၀ယ်နည်းနေပေမဲ့လည်း ကျပ် သုံးသိန်းဝန်းကျင် ဈေးနှုန်း မြင့် တက်သွားခဲ့ပါတယ်၊ ဒီရက်ပိုင်း ဖြစ်ပေါ်နေတဲ့ ဈေးကွက်အရ ‘လ၊ သ၊ အ’ ကားဟောင်းတစ်စီးဟာ ကျပ် ၈၆ သိန်း ၀န်းကျင် အမည်ပေါက် စလစ်တစ်စောင် ကျပ် ၉၁ သိန်းဝန်းကျင်မှာ အရောင်းအ၀ယ် ဖြစ်နေပါတယ်”ဟု ပြောကြားခဲ့သည်။
ကားဝယ်/ရောင်းအချို့က စလစ်ဈေးမြင့်တက်အောင် ကောလာဟလ သတင်းများ ဖန်တီး ပြောဆိုနေသော်လည်း SEA Games ကာလအတွင်း ဌာနဆိုင်ရာများ ပိတ်မည်မဟုတ်ဘဲ ပုံမှန်အတိုင်း လုပ်ငန်းစဉ်များကို ဆက်လက် လည်ပတ်မည် ဖြစ်ကြောင်း ကညနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Automobile Journal

Post a Comment

 
Top