0


ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၀ိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများအား ဘာသာရပ်တစ်ခုစီလျှင် ၁၅ ဦးစီဖြင့် ဘာသာရပ် ၂၀ အတွက် ကျောင်းသားဦးရေ ၃၀၀ ဦး သတ်မှတ်ထားသော်လည်း လက်ရှိတွင် ကျောင်းသားဦးရေ ၁၀၀ ကျော်သာ ကျောင်းအပ်ထားကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ၀ိဇ္ဇာနှင့်သိပ္ပံဘာသာရပ်အတွက် ထူးချွန်ကျောင်းသားများအား ၀င်ခွင့်ပြုလက်ခံထားသော်လည်း လက်ရှိတွင် တက်ရောက်သူများမှာ ၀င်ခွင့်သတ်မှတ် အရေအတွက်ထက် လျော့နည်းနေ ခြင်းဖြစ်သည်။ " အခန်းထဲမှာတော့ လူနည်းနေသေးတယ်။ ကျောင်းစတက်ခါစမို့လို့လား မတက်ကြသေးတာလားတော့ မသိဘူး။ လူသုံးလေးယောက်လောက်ပဲ လာတက်ကြသေးတယ် " ဟု ရန်ကုန်တက္ကသိုလ်၌ သင်္ချာ ဘာသာရပ်တက်ရောက်နေသည့် ကျောင်းသားတစ်ဦးက ဆိုသည်။ ရန်ကုန်တက္ကသိုလ်၌ မူလက သတ်မှတ်ထားသည့် အရေအတွက်ထက် ကျောင်းသားကျောင်းသူများအား ထပ်မံခေါ်ယူလျက်ရှိရာ ၂၀၁၃ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ဘာသာရပ်အနိမ့်ဆုံးရမှတ် ကန့်သတ်ခြင်းမပြုဘဲ မိမိကြိုက်နှစ်သက်သည့်ဘာသာရပ် များအား ထပ်မံလျှောက်ထားခွင့်ပြုခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် မတိုင်မီအထိ ကျောင်းအပ်လက်ခံသွားမည် ဖြစ်ရာ ယခုအချိန်တွင် တက္ကသိုလ်၌ ကျောင်းတက်နေသည့် ကျောင်းသားကျောင်းသူ ဦးရေမှာ မူလသတ်မှတ်ထားသည့် အရေအတွက်ထက်ပင် အလွန်နည်းပါးလျက် ရှိနေသေးသည်။ ရန်ကုန်တက္ကသိုလ် ၂၀၁၃- ၂၀၁၄ ပညာသင်နှစ်အတွက် ဒီဇင်ဘာ ၅ ရက်မှစတင်ကာ ထူးချွန်ကျောင်းသားများအတွက် ယင်းသင်တန်းများအား ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ခြင်း ဖြစ်သည်။

(ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၁၄ ပညာသင်နှစ်၌ တက်ရောက်နေသည့် ကျောင်းသားကျောင်းသူအချို့အား တွေ့ရစဉ်။)

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
2

Post a Comment

 
Top