Sunday, 08 December 2013
အစိုးရဆန့်ကျင် ဆန္ဒပြသူများနှင့် ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဆူသက်သောင် ဆူဘန်အား တန်ပြန် ဆန့်ကျင်သည့် အနေဖြင့် အစိုးရက ထောက်ခံသည့် ရှပ်နီ အဖွဲ့များသည် ဒီဇင်ဘာ ၁ဝ ရက်တွင် အယုဒ္ဓယ ပြည်နယ်၌ စုရုံးဆန္ဒပြ သွားမည်ဟု စည်းလုံး ညီညွတ်သော အမျိုးသား ဒီမိုကရေစီ တပ်ဦး(UDD) ပါတီခေါင်းဆောင် Weng Tojirakan က ပြောကြားခဲ့ပြီး သည့်နောက် ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ် ထရာသည် နိုင်ငံအတွင်း၌ ဖြစ်ပွားနေသော နိုင်ငံရေး အခြေအနေကို အနီးကပ် ကြီးကြပ်ရန်အတွက် ကြိုတင် စီစဉ်ထားသော နိုင်ငံခြား ခရီးစဉ် သုံးခုအား ပယ်ဖျက်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
၎င်းခရီးစဉ် သုံးခုမှာ ဒီဇင်ဘာ ၈ ရက်မှ ၉ ရက်အထိ ရုရှားနိုင်ငံသို့ သွားရောက် လည်ပတ်မည့် အစီအစဉ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်မည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည့် အစီအစဉ်နှင့် ဒီဇင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံ-ဂျပန်ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်မည့် အစီအစဉ်တို့ ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >မြ၀တီ < Thankhttps://www.facebook.com/excellencemedia
Post a Comment