0


ချိုကို| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာလုပ်ကိုင်ရန် ရွေးချယ်ခံထားရသော ကာတာနိုင်ငံ အခြေ စိုက် Ooredoo က နိုင်ငံတကာတွင် ၀န်ဆောင်မှုပေးနေသော ၎င်းတို့၏ မိုဘိုင်းငွေကြေးစနစ်အသုံးပြု သူ တစ်သန်းကျော်ရှိလာပြီဖြစ်ကြောင်း ယင်းကုမ္ပဏီက နိုဝင်ဘာ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။

Ooredoo ၏ အမှုဆောင်အရာရှိချုပ် Dr.Nasser Marafih က “ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ကျွန်တော်တို့ မိုဘိုင်းငွေကြေးစနစ်ဝန်ဆောင်မှုကိုသုံးစွဲသူ တစ်သန်းကျော်ရှိလာပါပြီ။ ဒါဟာ တကယ့်အထင်ကရမှတ် ကျောက်တင်တာပါပဲ။ ဒီမိုဘိုင်းငွေကြေးဝန်ဆောင်မှုစနစ်ဟာ ငွေရေးကြေးရေးအတွက် ဘဏ္ဍာငွေကြေး အမျိုးမျိုးကို မခံစားရတဲ့ သာမန်အခြေခံလူတန်းစားတွေအတွက်ပါ”ဟု ဆိုသည်။

Ooredoo သည် မိုဘိုင်းငွေကြေးစနစ်အတွက် QNB နှင့် Money Gram တို့ဖြင့် ပူးပေါင်းပြီး နိုင်ငံပေါင်း ၁၉၇ နိုင်ငံအထိ ၀န်ဆောင်မှုပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ကိုင်ရန် ရွေးချယ်ခံထားရသော ပြည်ပအော်ပရေတာ နှစ်ခုဖြစ်သည့် Telenor နှင့် Ooredoo တို့သည် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းလိုင်းဝန်ဆောင်မှုအပြင် မို ဘိုင်းငွေကြေးဝန်ဆောင်မှုများကိုပါ လုပ်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများက ပြောကြားသည်။

ပြည်တွင်းဘဏ်များကလည်း မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ကိုင်နိုင်ရန် လျှောက်ထားလျက်ရှိပြီး လတ်တလောတွင် မြန်မာနိုင်ငံအနေဖြင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု မရရှိသေးပေ။

CB ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က “မိုဘိုင်း Banking စနစ်ကို ၀န်ဆောင်မှုပေးဖို့က ဗဟို ဘဏ်ကို လျှောက်ထားနေဆဲပါ။ ဗဟိုဘဏ်က ခွင့်မပြုသေးဘူး။ ခွင့်ပြုတာနဲ့ မိုဘိုင်းBanking စနစ်ကို လုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ဆိုသည်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top