0


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံသို့ သွားရောက်မည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် တရားဝင် ဖိတ်ကြား ထားခြင်းလည်း မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က သတင်းထောက်များအား နိုဝင်ဘာ ၇ ရက်တွင် ပြောကြားသည်။

ဦးဝင်းမြင့်က ''ကျွန်တော်တို့ ပါတီဥက္ကဋ္ဌကို တရုတ်နိုင်ငံ ဖိတ်တယ်။ တရုတ်နိုင်ငံကို သွားဖို့ရှိတယ်လို့ အပြင်မှာ ပြောနေကျတာတွေက မဟုတ်ပါဘူး။ တရုတ်နိုင်ငံကနေ တရားဝင် ဖိတ်ကြားထားတာလည်း မရှိပါဘူး'' ဟု ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သြစတြေးလျ နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ကုလသမဂ္ဂ၊ HIV လူနာများအား ပံ့ပိုးထောက်ပံ့ရေး အစည်းအဝေး အပါအ၀င် လူထုအခြေပြု အစည်းအဝေးများ တက်ရောက်မည် ဖြစ်ကြောင်းနှင့် သြစတြေးလျ နိုင်ငံရောက် မြန်မာလူမှု အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌသည် ယခုနှစ်အတွင်း ဥရောပနိုင်ငံများ၊ စင်ကာပူ၊ ကိုရီးယားနိုင်ငံ များသို့လည်း သွားရောက်ခဲ့သည်။

(နိုဝင်ဘာ ၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တက်ရောက်ရန် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်)

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top