0

နာမည်ကြီး ပေါ်တူဂီအသင်းသည် အုပ်စု(G) ဒုတိယပွဲစဉ်အဖြစ် အမေရိကန်အ သင်းနှင့်ကစားခဲ့သည့်ပွဲတွင် နာကျင်အချိန်ပိုချေပဂိုးကြောင့် ရှုံးထွက်အဆင့်တက် ရန် မျှော်လင့်ချက်အနည်းငယ်ကျန်ရှိနေဆဲပင်ဖြစ်သည်။ သို့သော် ပေါ်တူဂီအသင်း
သည် ဂျာမနီကို ဂိုးပြတ်ရှုံးထားသည့်အနေအထားကြောင့် အုပ်စုနောက်ဆုံး ပွဲတွင် ဂါနာကိုဂိုးပြတ်သွင်းထားနိုင်မှ မျှော်လင့်နိုင်ဖွယ်ရှိနေသည်။ ယခုပွဲတွင် နာနီက (၅)မိနစ်ကတည်းက ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း အမေရိကန်အသင်းမှ ဂျာမိန်းဂျုံးစ်နှင့် ဒမ်ဆေးတို့က (၆၄)မိနစ်နှင့် (၈၁)မိနစ်များ တွင် နှစ်ဂိုးဆက်ပြန်သွင်းခဲ့ပြီး ပေါ်တူဂီအတွက် ချေပဂိုးကိုမူ (၉၅)မိနစ်ရောက်မှ
တောင်ပံကစားသမား ဗာရီလာက သွင်းယူပေးခဲ့သည်။

ပွဲရလဒ်
အမေရိကန် ၂-၂ ပေါ်တူဂီ

ပေါ်တူဂီအသင်း၏ချေပဂိုးကို ဗာရီလာ ခေါင်းတိုက်သွင်းယူနေစဉ်(Photo:AFP)

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top