0

By ဒီဗွီဘီ
24 April 2014

ပြည်တွင်းအခွန်များဦးစီးဌာနဟာ အရင်နှစ် ဘတ်ဂျက်ကနဲ့ နှိုင်းယှဉ်ရင် အခု ၂၀၁၃-၁၄ ဘတ်ဂျက် အခွန်ကောက်ခံရရှိမှု ၃၂ ရာခိုင်နှုန်း ပိုရလာတယ်လို့ အခွန်ဦးစီးဌာနက ထုတ်ပြန် ကြေညာပါတယ်။

tax-p၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်က ပြည်တွင်း အခွန် ၀င်ငွေ စုစုပေါင်း ကျပ်ငွေ ၂ ဒဿမ ၇ ထရီလီယံ ရခဲ့ပြီး ကုန်ဆုံးသွားပြီဖြစ်တဲ့ ၂၀၁၃-၁၄ မှာတော့ ကျပ်ငွေ ၃ ဒသာမ ၅ ထရီလီယံကျာ် ရရှိခဲ့တာဖြစ်ပါတယ်။

အခွန် ၃၂ ရာခိုင်နှုန်း တိုးတက်ရခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က တိုးတက်ရခဲ့တဲ့ ၇၆ ရာခိုင်နှုန်းကိုတော့ မမီဘူးလို့ ဆိုပါတယ်။

၂၀၁၁ – ၁၂ ဘဏ္ဍာရေးနှစ်မှာ ပြည်တွင်းအခွန် ၀င်ငွေ ၁ ဒဿမ ၅ ထရီလီယံရခဲ့ရာကနေ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ ကျပ်ငွေ ၂ ဒဿမ ၇ ထရီလီယံဝင်ခဲ့လို့ ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

Aye Chan Mon# Credit To :DVB > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top