0


ဘန်ကောက် ဒီဇင်ဘာ ၁၀
ဖေဖေါ်ဝါ၇ီလ ၂ ရက်နေ့တွင် ကျင်းမမည့် ထိုင်းအထွေထွေ ရွေးကောက်ပွဲအတွက်
အစိုးရဘတ်ဂျက်မှ ဘတ်ငွေ ၃၈ ဘီလီယံ ကျခံသုံးစွဲသွားရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။
ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှုး Puchong Nutrawong က ပါတီများမှ
ကိုယ်စားလှယ်များမှတ်ပုံတင်ခြင်းကို
ဒီဇင်ဘာ ၂၃ မှ ၂၇ အတွင်း ပြုလုပ်ရမည်ဖြစ်ပြီး
မဲဆန္ဒနယ်အလိုက် မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၂၈မှ ဇန်န၀ါရီ ၁ရက်နေ့အတွင်း ပြုလုပ်ရမည်ဟု ဆိုသည် ။
ဇန်န၀ါရီလ ၂၆ရက်နေ့ ကြိုတင်မဲပေးရန်ရက်အဖြစ် သတ်မှတ်ထားသည်ဟု သိရသည် ။
ထိုင်းနိုင်ငံတွင် မဲပေးခွင့်ရှိသူ
၄၈ သန်းရှိကြောင်း Puchong Nutrawong က ပြောသည် ။
ပြင်းထန်လာသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်က ထိုင်းလွတ်တော်ကို
ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ကာ ထုတ်ပြန်ကြေညာခဲ့သည် ။
သို့ရာတွင် အစိုးရသစ်ကို အာဏာလွဲအပ်ခြင်း မပြုနိုင်မီ အထိ ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲအဖြစ် ယင်လတ်
တာဝန်ယူမည့်အပေါ် ဆန္ဒပြလူထူက မကျေနပ်ဘဲ အစိုးရသစ်တစ်ရပ် မပေါ်ပေါက်မီအထိ
လူထုကောင်စီတစ်ခု ဖွဲ့စည်းကာ ကြီးကြပ်စေရေး ၊ ပြည်ပတွင် နေထိုင်နေရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏
အမျိုးအနွယ်များအားလုံးကို နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်မှု မပြုစေရေးအတွက်
နောက်ထပ် ၃ ရက်ကြာ ဆန္ဒဖေါ်ထုတ်မှုများ ဆက်လက် ပြုလုပ်သွားရန် ဆန္ဒပြခေါင်းဆောင် Suthep Thaugsuban က တိုက်တွန်း လှုံ့ဆောင်ထားသည်။
ထို့အတူ ယင်လပ်ကလည်း ယနေ့မနက်တွင် သူမအနေနှင့် ဆန္ဒပြသမားတို့၏ ယခုတောင်းဆိုချက်ကိုမူ မလိုက်လျောနိုင်တော့ဘဲ
ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ် အစိုးရသစ်ကို အာဏာ လွဲအပ်နိုင်သည့်အချိန်အထိ တာဝန်ယူသွားမည်ဟု ပြောဆိုခဲ့သည် ။kyl
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်

Credit To:Popular Myanmar News Journal
3

Post a Comment

 
Top